Monday, January 17, 2011

Kawlkam Thu Tatuam

မက်ဝဲလ်ဖုန်းများ မန္တလေးမြို့၌ စတင်သုံးခွင့်ရမည်

မန်းသားလေး
အတွဲ ၂၅၊ အမှတ် ၅၀၀ (၇၊ ၁၊ ၂၀၁၁ - ၁၃၊ ၁၊ ၂၀၁၁)
အင်တာနက် အသုံးပြုနိုင်သည့် မက်ဝဲလ် မိုဘိုင်းဖုန်းလိုင်းသစ်များ ဇန်န၀ါရီလ ပထမအပတ်တွင် မန္တလေးက စတင်အသုံးပြုခွင့်ရမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးမှ တာဝန်ရှိသူ တစ်ဦးက မြန်မာတိုင်း(မ်)ပြောသည်။
မန္တလေးကုဒ်များ စတင်ထွက်ရှိမည် ဖြစ်ပြီး ၀၁၀/၅၀...နံပါတ်နှင့် စတင် ထွက်ရှိမည် ဖြစ်သည်။
"ကျွန်တော်တို့ ဒီနည်းပညာကို စမ်းနေတာ နှစ်နှစ်လောက်ရှိပါပြီ။ စစ်ကိုင်းတိုင်းဒေသကြီး တစ်ခုလုံးကို ကျွန်တော်တို့ စမ်းသပ်ချပေး နေတာ တစ်နှစ် လောက် ရှိပါပြီ"ဟု ယင်း နည်းပညာကို စမ်းသပ် နေသော ကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယင်းဖုန်းများကိုဇန်န၀ါရီလ ၈ရက်နေ့ကျင်းပမည့် ပြင်ဦးလွင်မြို့ န၀မအကြိမ်မြောက် မြန်မာအိုင်စီတီရက်သတ္တပတ်ပြပွဲ၌ ကျပ်ငါးသိန်း နှင့်ရောင်း ချသွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဖုန်းခေါ်ဆိုခမှာ တစ်မိနစ် ကျပ် ၅၀ ဖြစ်ပြီး အင်တာနက် အသုံး ပြုခမှာ တစ်မိနစ်လျှင် သုံးကျပ်နှုန်း သတ်မှတ်ထားကြောင်း သိရသည်။
အင်တာနက် အသုံးပြုခမှာ မြန်နှုန်း မြင့်အလိုက် ဈေးနှုန်းကွာခြားမှုရှိပြီး 128 KBအသုံးပြုမည်ဆိုလျှင် တစ်နာရီ ကျပ် ၁၂၀၊ 256KB အသုံးပြု မည်ဆိုလျှင် တစ်နာရီကျပ် ၁၈၀၊ 512KB အသုံးပြုမည်ဆိုလျှင် တစ်နာရီ ကျပ် ၃၆၀၊ 1MB အသုံးပြုမည်ဆိုလျှင် တစ်နာရီ ကျပ် ၄၈၀ ကျသင့်မည် ဖြစ် ကြောင်းသိရသည်။
ယင်းလိုင်းကိုအသုံးပြုမည်ဆိုပါက ဟန်းဆက်အသစ်များ ၀ယ်ယူရမည် ဖြစ်ပြီး ဟန်းဆက်အမျိုးအစားများမှာ MG638၊ W636၊U28၊ epst681၊ epst၊W635၊ W660၊ W645၊ PDA ဖြစ်သည်။ ဟန်းဆက်များမှာ ကျပ်တစ်သိန်းဝန်းကျင်ရှိကြောင်း သိရသည်။
McWill (Multi Carrier Wireless information Local Loop) မှာ မိုဘိုင်း တယ်လီဖုန်းမျိုးဆက် 3.5 Generation ကြိုးမဲ့စနစ် ဖြစ်ပြီး 400 MHz ကို အသုံးပြု ထားသည်။ Wireless Access အတွက် Wifi နှင့်လည်း ချိတ်ဆက်သုံးနိုင်သည်။



McWill ဖုန်း လျှောက်လွှာတင်ပြီး နှစ်ပတ်ခန့်ကြာမှ သုံးစွဲခွင့်ရမည်
၂၀၀၈ ဘေဂျင်း အိုလံပစ်ပွဲတော်ကာလက တရုတ်နိုင်ငံတွင် သုံးစွဲခဲ့သော McWill (Multi Carrier Wireless Local Loop) Broadband Data Access System ဖုန်းကို မြန်မာနိုင်ငံတွင် နေပြည်တော် ကျောက်မျက်ရတနာပြပွဲသို့ လာရောက်သည့် ကုန်သည်များအား စတင်ရောင်းချပေးခဲ့ဖြင်း ဖြစ်သည်။

McWill ဖုန်း လျှောက်လွှာတင်ပြီး နှစ်ပတ်ခန့်ကြာမှ သုံးစွဲခွင့်ရမည်
မြို့ကြီးသုံးမြို့တွင် သုံးစွဲခွင့်ပေးမည့် ကျပ်ငါးသိန်းတန် အင်တာနက်ဖုန်း အမျိုးအစား McWill ဖုန်းလျှောက်လွှာများအား ရတနာပုံ အိုင်စီတီပြပွဲတွင် စတင်ရောင်းချပေးခဲ့သောလ်ညး လျှောက်လွှာတင်ပြီး နှစ်ပတ်အကြာမှ ဖုန်းလိုင်များ စတင်ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ၂၀၀၈ ဘေဂျင်း အိုလံပစ်ပွဲတော်ကာလက တရုတ်နိုင်ငံတွင် သုံးစွဲခဲ့သော McWill (Multi Carrier Wireless Local Loop) Broadband Data Access System ဖုန်းကို မြန်မာနိုင်ငံတွင် နေပြည်တော် ကျောက်မျက်ရတနာပြပွဲသို့ လာရောက်သည့် ကုန်သည်များအား စတင်ရောင်းချပေးခဲ့ဖြင်း ဖြစ်သည်။ အဆိုပါ ဖုန်းများအား ရတနာပုံ အိုင်စီတီပြပွဲတွင်သာမက ရန်ကုန်နှင့် မန္တလေးမြို့ရှိ ရတနာပုံတယ်လီပို့ ရုံးခွဲများတွင် လျှောက်ထားနိုင်ပြီး၊ ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်မြို့များတွင် ထိုဖုန်းများကို ရယူနိုင်ပြီဖြစ်ကြောင်း ရတနာပုံတယ်လီပို့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ “လောလောဆယ်တော့ သုံးလို့ရတဲ့ မြို့တွေကို ရောင်းပေးနေပြီး ဖုန်းလိုင်းတွေကိုတော့ မဖွင့်ပေးရသေးဘူး။ နောက်နှစ်ပတ်လောက်နေမှ စပြီးဖွင့်ပေးမယ်”ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အင်ဂျင်နီယာချုပ် ဦးဇော်မင်းဦးက ပြောသည်။



(အိုင်စီတီရက်သတ္တပတ်ပွဲတော်မှ McWill ဖုန်း လျှောက်လွှာရောင်းချရန်နေရာ)
McWill ဖုန်းများအား စတင်ရောင်းချသည့် နေ့မှာပင် ပြပွဲအတွင်း လျှောက်လွှာ ၃၀၀ခန့် ရောင်းချခဲ့ရသည်။ အဆိုပါဖုန်း လျှောက်ထားသူများမှာ ဖုန်းလျှောက်ပြီးသည်နှင့် သုံးစွဲရမည်ဟု ထင်ကြသဖြင့် မန္တလေးမှ ဒေသခံစီးပွားရေးလုပ်ငန်းရှင်အများအပြား လာရောက်လျှောက်ထားခဲ့ကြသည်။ “လျှောက်လွှာတင်ပြီးမှပဲ သိရတယ်။ ကျွန်တော်တို့ ဒီမှာရောက်နေတဲ့ လူအကုန်လုံးက ဒီဖုန်းကို ချက်ချင်းသုံးရမယ်ပဲ ထင်နေကြတာ။ အခုက ဘယ်လောက်နေမှ သုံးရမယ်ဆိုတာ သေချာမသိရဘူး”ဟု လာရောက်လျှောက်ထားသူ မန္တလေးမြို့မှ တည်းခိုခန်းပိုင်ရှင်တစ်ဦးက ဆိုသည်။ ထိုလျှောက်ထားသူများမှာ လျှောက်လွှာစိစစ်ပြီး ငွေတောင်းခံလွှာရသည့် အချိန်တွင် မိမိနေထိုင်ရာမြို့ရှိ ရတနာပုံတယ်လီပို့ရုံးခွဲများတွင် စက်ပစ္စည်းထုတ်ယူနိုင်ပြီး ကနဦးတပ်ဆင်ခ ကျပ်ငါးသိန်းနှင့် အင်တာနက်အသုံးပြုခအတက် တစ်နှစ်လျှင် ခြောက်သောင်းကျပ် ပေးသွင်းရမည်ဖြစ်သည်။

အင်တာနက်ဖုန်း၏ (Data Speed) တစ်စက္ကန့်လျှင် အချက်အလက်စီးဆင်းနှုန်းမှာ 512kbps မှ 2Mbp အထိ အသုံးပြုနိုင်သည်ဟု ဆိုသည်။ သို့သော် ဖုန်းရရှိသော ဧရိယာအတွင်း သုံးစွဲသူအနည်းအများပေါ် မူတည်၍ မြန်နှုန်း ရရှိမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် McWill ကွန်ရက်မှာ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်သာမက ခန္တီး၊ ဟုမ္မလင်း၊ ဗန်းမော်၊ ပင်လယ်ဘူး၊ ကလေးဝအစရှိသည့် မြို့များတွင်ပါ ဖြန့်ကြက်နိုင်ပြီ ဖြစ်သည်။ ရတနာပုံတယ်လီပို့မှ ရောင်းချပေးသည့် McWill ဖုန်းကို (၉) ကြိမ်မြောက် အိုင်စီတီ ရက်သတ္တပတ်ပွဲတော်တွင် စတင် ရောင်းချပေးခဲ့ရာ ၀ယ်ယူလိုသူအနေဖြင့် ကိုယ်တိုင်လျှောက်ထားရပြီး မှတ်ပုံတင် (သို့) သက်ဆိုင်သော ကတ်တစ်ခုခု၏ မိတ္တူပါမှ ရောင်းချပေးသည်။ ပြပွဲတွင် ရန်ကုန်၊ မန္တလေး၊နေပြည်တော်မြို့များအတွက် McWill အသုံးပြုခွင့် လျှောက်လွှာများအား တစ်စောင်လျှင် တစ်ထောင်ကျပ်နှုန်းဖြင့် တစ်ထိုင်တည်း လျှောက်ထားနိုင်ရန် စီစဉ်ထားသည်။ သို့သော်လည်း မှတ်ပုံတင်မိတ္တူ တောင်းသည့်အတွက် လာရောက်လျှောက်ထားသူများ အခက်အခဲ ကြုံတွေ့ရကြောင်း ဖုန်းလျှောက်ထားသူများက ပြောသည်။

Credit: နေလင်းအောင် (7Day News Journal)
၂၀၁၁ ခုနှစ်၌ ဖုန်းသုံးစွဲမှုဆိုင်ရာ ကိစ္စရပ်များ၊ အင်တာနက် အသုံးပြုခွင့်ပေးမှုများနှင့် IT ပိုင်းဆိုင်ရာ ဆောင်ရွက်မှုများ အားလုံးကို ရတနာပုံ တယ်လီပို့မှသာ ဦးဆောင် လုပ်ကိုင်သွားမည်ဟုသိရ
3423      ၂၀၁၁ခုနှစ်၌ ဖုန်းသုံးစွဲမှု ဆိုင်ရာကိစ္စရပ်များ၊ အင်တာနက် အသုံးပြုခွင့်ပေးမှုများနှင့် IT ပိုင်း ဆိုင်ရာ ဆောင်ရွက်မှုများကို ရတနာပုံတယ်လီပို့မှ ဦးဆောင်လုပ် ကိုင်သွားမည်ဖြစ်ကြောင်း ရတနာပုံ တယ်လီပို့ ကုမ္ပဏီလီမိတက်နှင့် ရတနာပုံမြို့သစ်၌ ရင်းနှီးမြှုပ်နှံကြသော ကုမ္ပဏီများ လုပ်ငန်းပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာနှင့် သဘောတူစာချုပ်များ လက်မှတ်ရေးထိုးပွဲ၌ရရှိသည့် အချက်အလက်များအရ သိရှိရသည်။
     ၂၀၁၁ခုနှစ် ဇန်န၀ါရီလ ၈ ရက်နေ့မှ ၁၂ရက်နေ့အထိ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် ရတနာပုံနည်းပညာ မြို့သစ်တွင် ကျင်းပခဲ့သည့် န၀မအကြိမ်မြောက် မြန်မာအိုင်စီတီ ရက်သတ္တပတ်ပွဲတော်တွင် ရတနာပုံတယ်လီပို့ ကုမ္ပဏီလီမိတက်နှင့် ရင်းနှီးမြှုပ်နှံကြမည့် ကုမ္ပဏီများလုပ်ငန်း ပူးပေါင်းမှုဆိုင်ရာ သဘောတူစာချုပ်များ ချုပ်ဆိုသည့် အခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရသည်။
     အဆိုပါ အခမ်းအနားတွင် ရတနာပုံတယ်လီပို့ ကုမ္ပဏီလိမိတက် နှင့် Elite Tech IT Services ကုမ္ပဏီတို့အကြား ရတနာပုံ Web Portal ဖျော်ဖြေရေးကဏ္ဍများတွင် လည်းကောင်း၊ ရတနာပုံတယ်လီပို့နှင့် Elite Tech Manufacturing ကုမ္ပဏီတို့အကြား Next Generation Business Support System (NGBSS) လုပ်ငန်းတွင် လည်းကောင်း၊ Asia Mega Link ကုမ္ပဏီနှင့် Solar Panel Production ကိုလည်းကောင်း၊ e Trade  နှင့်Mobile Store  လုပ်ငန်း ကိုလည်းကောင်း၊ Myanmar Technology Gateway  နှင့်Domain Registration and Hosting လုပ်ငန်းကို လည်းကောင်း၊ ရွှေသံလွင်ကုမ္ပဏီလိမိတက်နှင့် Multi Play Service (MPS) လုပ်ငန်းများ ကိုလည်းကောင်းစသည်ဖြင့် ရတနာပုံ တယ်လီပို့ကုမ္ပဏီလိမိတက်နှင့် လုပ်ငန်းပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်များကို တာဝန်ရှိသူများမှ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
    "အရင်တုန်းက ဖုန်းလျှောက်ရင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မှာ လျှောက်ရတယ်။  နောက်ပိုင်း မှာ ပုဂ္ဂလိကလုပ်ငန်းရှင်တွေ ၀င်လာပြီး မြန်မာ့ဆက်သွယ်ရေးနဲ့ ပူး ပေါင်းလုပ်ကြတယ်။ အခုအဲဒီ ကုမ္ပဏီ တော်တော်များများနဲ့ ရတနာ ပုံတယ်လီပို့နဲ့ ပူးပေါင်းလိုက်ကြတဲ့ အတွက် နောက်ပိုင်း ဖုန်းအပါအ၀င် IT ပိုင်းဆိုင်ရာ စီမံကိန်းတွေ၊ application တော်တော်များများကို ရတနာပုံကပဲ ဆောင်ရွက်သွားမယ့် အနေအထားရှိတယ်"ဟု မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းနှင့် အကျိုးတူပူးပေါင်းနေသည့် ကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့ သည်။

နေပြည်တော်တွင် ၅ သိန်းတန် GSM စရောင်း

နရီလင်းလက် Thursday, 13 January 2011 15:39
 
ကျပ် ၅ သိန်းတန် GSM မိုဘိုင်းဖုန်းများကို ပထမ အဆင့်အနေဖြင့် နေပြည်တော်တွင် လိုင်းအရေအတွက် တသိန်းခွဲ စတင် ချပေးမည်ဟု မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ သိရှိရသည်။

တနိုင်ငံလုံးတွင် အသုံးပြုနိုင်သည့် အဆိုပါ GSM မိုဘိုင်းဖုန်းလိုင်းသည် ယခင်က ငွေကျပ် ၁၅ သိန်း ပေးသွင်းရသော်လည်း ယခုကျပ် ၅ သိန်းဖြင့် ဈေးနှုန်းလျှော့ကာ စတင်ချပေးခြင်းဖြစ်ကြောင်း နေပြည်တော် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အရာရှိတဦးက ပြောသည်။

၎င်းက ဆက်လက်၍ “ဆက်သွယ်ရေး နည်းစနစ်တွေရဲ့ ထိရောက်မှုတွေကို အာဏာပိုင်တွေဘက်က ပိုပြီး သိလာတော့ နည်းပညာကို ဖွံ့ဖြိုးအောင်လုပ်ပြီး ပြည်သူတွေ သုံးစွဲမှုများလာတဲ့အချိန်မှာ သူတို့အနေနဲ့ ချုပ်ကိုင်ရ လွယ်မယ်ဆိုပြီး မြင်လာတယ်။ ဒါကြောင့် တယ်လီဖုန်းနဲ့ ပတ်သက်ပြီး အင်တာနက်သုံးလို့ရတဲ့ ၀န်ဆောင်မှုတို့ အဲဒီလိုမျိုး တိုးချဲ့လာတာတွေ အများကြီးပဲ။ အကောင်းဘက်က ကြည့်ရင်တော့ အလယ်အလတ်တန်းစား လူထုကအစ တယ်လီဖုန်း ကိုင်လာနိုင်နေပြီ။ ဆက်သွယ်မှုတွေ လွယ်ကူ လျှင်မြန်လာတယ်။ တဘက်မှာတော့ လူထုအသုံးများလာလေ သတင်းပိုရလေ၊ အာဏာပိုင်တွေအတွက် ထိန်းချုပ်ရလွယ်ကူလေ ဖြစ်လာတယ်” ဟု ဧရာဝတီသို့ ပြောသည်။

အသစ်ချထားပေးမည့် မိုဘိုင်းဖုန်းနံပါတ်များသည် ဂဏန်း ၁၀ လုံးရှိပြီး ဖုန်းခေါ်ဆိုခ ကြိုတင်ပေးသွင်းငွေအဖြစ် ကျပ် ၅ သောင်း ပေးသွင်းရန် သတ်မှတ်ထားသည်ဟု သိရသည်။

တည်ဆောက်နေသည့် GSM တာဝါတိုင်များ ပြီးစီးသွားပါက ရန်ကုန်မြို့နှင့် မန္တလေးမြို့ကြီးများတွင်ပါ ဆက်လက်ချထားပေးသွားရန် အာဏာပိုင်များက ညွှန်ကြားထားကြောင်း မြန်မာ့ ဆက်သွယ်ရေး ဝန်ထမ်းတဦးက ပြောသည်။

ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အဆိုပါ ဝန်ထမ်းက “နေပြည်တော်ကတော့ ပထမဆုံးဦးစားပေးဆိုတော့ အရင်ဆုံး ချပေးတာပေါ့။ မြို့ကြီးတွေကို  ဆက်ချပေးသွားဖို့ ရှိတယ်။ တာဝါတိုင်တွေနဲ့ ဆာဗာတွေ နိုင်သလောက် ချပေးသွားမှာ” ဟု ပြောသည်။

ဖုန်းခေါ်ဆိုခကို သတ်မှတ်နယ်မြေအတွင်း သုံးစွဲပါက ၁ မိနစ်လျှင် ၅၀ ကျပ်၊ နယ်မြေကျော်လွန် ခေါ်ဆိုပါက ၆၀ ကျပ်၊ SMS (သတင်းတို စာပို့စနစ်) အတွက် တစောင်လျှင် ၂၅ ကျပ်နှုန်း သတ်မှတ်ထားသည်ဟု သိရသည်။

ပြင်ဦးလွင်မြို့တွင် ဇန်န၀ါရီလ ၈ ရက်မှ ၁၂ ရက်အထိ ကျင်းပခဲ့သော ၉ ကြိမ်မြောက် မြန်မာအိုင်စီတီ ရက်သတ္တပတ်ပွဲတော်တွင် အင်တာနက်အသုံးပြုနိုင်သည့် ကျပ်ငွေ ၅ သိန်းတန် McWill ဖုန်း ရောင်းချခြင်းနှင့် ကျပ် ၅ သိန်းတန် ဖုန်းများကို အင်တာနက် အသုံးပြုနိုင်ရန် ဝန်ဆောင်မှုပေးခြင်းများ စတင်ခဲ့သည်။

အဆိုပါ ပွဲတော်တွင် တရုတ်၊ အိန္ဒိယ၊ ကိုရီးယား၊ ဗီယက်နမ်၊ ထိုင်း၊ စင်ကာပူ၊ မလေးရှားတို့မှ နည်းပညာကုမ္ပဏီ ၂၀ ခန့်  ပါဝင်ပြသခဲ့ပြီး အများပြည်သူ စိတ်ဝင်စားမှု အများအပြားရရှိခဲ့ကြောင်း သိရသည်။

အင်တာနက်နှင့် တယ်လီဖုန်း ဆက်သွယ်မှုများကို တိုးချဲ့ပြီး သေချာစွာ ကိုင်တွယ်နိုင်ရန် သက်ဆိုင်ရာ ၀န်ကြီးဌာနမှ အာဏာပိုင်များနှင့် နည်းပညာရှင်များပါ ပူးပေါင်းပြီး လုပ်နေကြောင်း၊ အင်တာနက်သုံးစွဲပါက အချက်အလက်များကို ကြည့်ရှုနိုင်သည့် စနစ်၊ တယ်လီဖုန်းလိုင်းဆိုပါကလည်း ကြားဖြတ်နားထောင်နိုင်သည့် နည်းပညာများ သုံးစွဲလိမ့်မည်ဖြစ်ကြောင်း ရတနာပုံတယ်လီပို့နှင့် နီးစပ်သူတဦးက ဆိုသည်။

စစ်အစိုးရက နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အနုပညာ နယ်ပယ်နှင့် မီဒီယာ လုပ်ငန်းတို့မှ လူပေါင်း ၃၀၀၀ ကျော်တို့၏ တယ်လီဖုန်းများကို ကြားဖြတ် နားထောင်ရန် စီစဉ်လျက်ရှိသည်ဟု ယင်းလုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် ပါဝင်သူ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတဦးကလည်း ယခုလအစောပိုင်းတွင် ဧရာဝတီသို့ ပြောခဲ့သည်။

ယခုလက်ရှိတွင် GSM ရေဒီယို စခန်းပေါင်း ၃၀၊ CDMA 450 Mhz ရေဒီယိုစခန်း ၁၅၁ ခု၊ CDMA 800 MHz ရေဒီယိုစခန်း ၄၂ ခု တို့ကို ဆောက်လုပ်လျက်ရှိပြီး ပြီးစီးသွားပါက မြန်မာတနိုင်ငံလုံးတွင် မိုဘိုင်းဖုန်း အရေအတွက် ၆၁၀၀၆၁ လုံး ရှိလာမည်ဟု မြန်မာ့ဆက်သွယ်ရေး ၀န်ကြီးဌာနက ထုတ်ပြန်ထားသည်။

၂၀၁၀ ပြည့်နှစ် ဇူလိုင်လအထိ GSM ဖုန်း ၄၉၄၃၀၀၊ CDMA မိုဘိုင်းဖုန်း ၅၄၅၆၅၀၊ CDMA 800တယ်လီဖုန်း ၁၅၀၀၀၀၊ CD MA (Fixed) တယ်လီဖုန်း ၂၀၀၃၈လုံး၊ WCDMAတယ်လီဖုန်း အလုံးရေ ၂၈၀၀၀ တို့ ချထားပေးပြီးဖြစ်ကြောင်း သိရှိရသည်။
စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေးလုပ်ငန်းတခုဖြစ်သော ရွှေသံလွင် ကုမ္ပဏီသည် FTTX ဖိုက်ဘာ ဆက်ကြောင်းနှင့် ရုပ်သံလိုင်း၊ ဖုန်း၊ အင်တာနက်တို့ကို ၀န်ဆောင်မှု ပေးနေသည်။


၁၉၉၇ခုနှစ်မှ ၂၀၁၀ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် သုံးစွဲလျက်ရှိသည့် မိုဘိုင်းဖုန်း အမျိုးအစားပေါင်း ခုနှစ်မျိုးရှိလာ
   
၁၉၉၇ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အတွင်း မြန်မာနိုင်ငံအနှံ့အပြားတွင် သုံးစွဲလျက်ရှိသည့် မိုဘိုင်းဖုန်း အမျိုးအစားပေါင်း ခုနစ်မျိုးအထိရှိလာကြောင်း သိရှိရပါသည်။
    ၁၉၉၇ ခုနှစ်တွင် မိုဘိုင်းဖုန်းအဖြစ် ဆယ်လူလာဖုန်းကို စတင်ချထားပေးခဲ့ပြီး နောက်ပိုင်းတွင် CDMA ခြင်းဖုန်းများကို ငှားရမ်းသုံးစွဲခွင့်ပြုခဲ့သည်။ ထို့နောက် CDMA မိုဘိုင်း၊ ၂၀၀၀ နှင့် ၂၀၀၁ ခုနှစ်ဝန်း ကျင်တွင် GSM စသည်ဖြင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အများပြည်သူထံ သုံးစွဲခွင့်ပြုခဲ့သည်။ မိုဘိုင်းဖုန်းများကို စတင်သုံးစွဲခွင့်ပြုစဉ်က ငှားရမ်းသုံးစွဲခအတွက် ကနဦးပေးသွင်းငွေမှာ ငွေကျပ်သိန်း ၃၀ နှင့် သိန်း ၄၀နီးပါး ရှိခဲ့ကြောင်းသိရသည်။
      ထို့နောက် GSM  ဖုန်းများကို ငွေကျပ် ၁၅ သိန်းဖြင့် အများပြည်သူမှ တိုက်ရိုက်လျှောက်ထားမှုဖြင့် အများအပြား အသုံးပြုခွင့်ပေးခဲ့သည်။ ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း ဖြစ်ပွားခဲ့ပြီးနောက်တွင် ကမ်းရိုးတန်းဒေသများ အဆင်ပြေစွာအသုံးပြုနိုင်ရန် ရည်ရွယ်ချက်ဖြင့် အထိုင်ဖုန်းနှင့် လက်ကိုင်ဖုန်းအဖြစ် အသုံးပြုနိုင်သော CDMA 450 MHz ကမ်းရိုးတန်းဖုန်းများကို ငွေကျပ် ၁၅သိန်းဖြင့်ပင် သုံးစွဲခွင့်ပြုခဲ့သည်။ မိုဘိုင်းတတိယမျိုးဆက် 3G Network ဖြင့် ရုပ်မြင်အသံကြားစနစ်ကို စတင်မည်ဟု ဆိုကာ ရန်ကုန်မြို့၏ down town မြို့နယ်များ၌ GSM ဖုန်းလိုင်းထက် နည်းပညာပိုင်း တစ်ဆင့်မြင့်သည့် WCDMA ဖုန်းအမျိုးအစားကို ထပ်မံချပေးခဲ့ကြောင်း သိရသည်။
     ပထမဦးဆုံးဖုန်း ငှားရမ်းသုံးစွဲခကို လျှော့ချပေးမှုအဖြစ် CDMA 800MHz လိုင်းဆွဲအားအသုံးပြုငွေ ကျပ်ငါးသိန်းတန်ဖုန်းများကို ရန်ကုန်နှင့်မန္တလေးတွင် ၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီလအတွင်း၌ နယ်မြေအကန့်အသတ်ဖြင့် အသုံးပြုခွင့်ပေးခဲ့သည်။ ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာ ၁၀ ရက်နေ့တွင်မူ တစ်နိုင်ငံလုံးသို့ ယူငင်ကိုင်ဆောင်နိုင်ပြီဖြစ်ကြောင်း သိရသည်။
     ထို့အပြင် ငွေကျပ်ငါးသိန်းဖြင့် စတင်ချထားပေးစဉ်ကပင် တစ်နိုင်ငံလုံးသို့ ကိုင်ဆောင်အသုံးပြုနိုင်သည်ဆိုသော CDMA 450 MHz လိုင်းအားအသုံးပြု နေပြည်တော် ငါးသိန်းဖုန်းများလည်း ဖုန်းသုံးစွဲသူများအကြား ၀င်ရောက်နေရာယူ လာခဲ့သည်။
    "ဆယ်လူလာဖုန်းတွေကနေ GSM ခေတ်ရောက်လာတော့ voice only ကနေ တိုးတက်လာမယ်လို့ ထင်ခဲ့ပေမယ့် အခုပေးနိုင်တာက SMS ကအမြင့်ဆုံး အနေအထားပဲ။ ဒါတောင် တစ်ခါတလေ နှစ်ရက်ကြာမှ ရောက်တယ်။  3G ရမယ်ဆိုတဲ့ WCDMA ကရော အိပ်မက်ဖြစ်သွားပြီလား။ အင်တာနက်အဓိက ထားသုံးလို့ရတဲ့ MC WiLL ဖုန်းတွေ ထပ်ပေါ်လာတော့မယ်။ ကျွန်တော်တို့တွေက ဖုန်းနဲ့ အင်တာနက်ကို ဈေးသက်သက်သာသာ သုံးချင်ရင် ထပ်ပြီး ဖုန်းတစ်လုံးဝယ်ရဦးမှာလား။ ဖုန်းတွေတစ်ခုပြီး တစ်ခုချပေးနေတာထက် ရှိပြီးသားဖုန်းတွေကိုပဲ ၀န်ဆောင်မှုတွေ ထပ်တိုးဖို့ မျှော်လင့်နေပါတယ်"ဟု ဖုန်းသုံးစွဲသူတစ်ဦး က ပြောပြခဲ့သည်။
     "တကယ်တော့ ဖုန်းတွေရဲ့ ခေါင်းစဉ်တွေကို အမျိုးမျိုးတပ်နေပေမယ့် ဖုန်းလိုင်းအမျိုးအစားနှစ်ခုပဲ ဒီမှာသုံးနေတာပါ။ GSM လိုင်းနဲ့ CDMA လိုင်းပါ။ ဒီတော့ ဒီလိုမျိုး ဖုန်းနာမည်စုံနဲ့ဖုန်းတွေကို Fix လုပ်နေမယ့်အစား အကုန်ဖွင့်ပေးပြီး ဖုန်းခေါ်ဆိုခကို ၂၅ ကနေ ၅၀ တချို့ဖုန်းဆို roaming charges အတွက် ၆၀ တိုးပေးခဲ့ရသလိုပဲ ၀န်ဆောင်မှုတွေကိုပဲ ထပ်တိုးပေးဖို့ လိုအပ်လာပါပြီ။ GSM ဖုန်းဆိုရင် ဟန်းဆက်တွေသာ ခေတ်မီပြီး ဘာမှအသုံးမချနိုင်သေးဘူး"ဟု ရန်ကုန်မြို့ရှိ မိုဘိုင်းဖုန်း အရောင်းဆိုင်တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ဆိုပါသည်။
    ထိုသို့ အမျိုးအစားမျိုးစုံ ငှားရမ်းအသုံးပြုခွင့် ပေးခြင်းဖြင့် နေရာစုံတွင် လူတန်းစားအစုံ ဖုန်းဆက်သွယ်မှုစနစ်ကို ကျယ်ပြန့်စွာ အသုံးပြုလာနိုင်မှုအတွက် အထောက်အကူတစ်ရပ် ဖြစ်စေနိုင်သော်လည်း ဖုန်းအမျိုးအစား များပြားလာ၍ သုံးစွဲသူအများစုအကြား ဟန်းဆက်မှားဝယ်မိခြင်းများ၊ လိုင်းဆွဲအား ကောင်းမွန်မှုကို လိုလားသောကြောင့် လိုင်းအားပိုကောင်းသည့် ဖုန်းအမျိုးအစားကို ထပ်မံဝယ်ယူရ၍ ငွေကြေး ကုန်ကျခြင်းများ၊ ခေါ်ဆိုမည့် ဖုန်း ရှေ့တွင် မည်သည့်ကုတ်ဂဏန်းကို ထည့်သွင်းခေါ်ယူရမည်ကိုေ၀၀ါးလာခြင်းများ စသည်တို့ကြုံတွေ့မှုများ ရှိနေကြောင်း သိရသည်။

FACEBOOK WILL END ON MARCH 15th!


2732112,082 commentshttp%3A%2F%2Fweeklyworldnews.com%2Fheadlines%2F27321%2Ffacebook-will-end-on-march-15th%2FFACEBOOK+WILL+END+ON+MARCH+15th%212011-01-09+05%3A10%3A54J.B.+Smittshttp%3A%2F%2Fweeklyworldnews.com%2F%3Fp%3D27321 | 
PALO ALTO, CA –Mark Zuckerberg announced that Facebook will be shut down in March. Managing the site has become too stressful.
“Facebook has gotten out of control,” said Zuckerberg in a press conference outside his Palo Alto office, “and the stress of managing this company has ruined my life. I need to put an end to all the madness.”
Zuckerberg went on to explain that starting March 15th, users will no longer be able to access their Facebook accounts.
“After March 15th the whole website shuts down,” said Avrat Humarthi, Vice President of Technical Affairs at Facebook. “So if you ever want to see your pictures again, I recommend you take them off the internet. You won’t be able to get them back once Facebook goes out of business.”
Zuckerberg said that the decision to shut down Facebook was difficult, but that he does not think people will be upset.
“I personally don’t think it’s a big deal,” he said in a private phone interview. “And to be honest, I think it’s for the better. Without Facebook, people will have to go outside and make real friends. That’s always a good thing.”
Some Facebook users were furious upon hearing the shocking news.
“What am I going to do without Facebook?” said Denise Bradshaw, a high school student from Indiana. “My life revolves around it. I’m on Facebook at least 10 hours a day. Now what am I going to do with all that free time?”
However, parents across the country have been experiencing a long anticipated sense of relief.
“I’m glad the Facebook nightmare is over,” said Jon Guttari, a single parent from Detroit. “Now my teenager’s face won’t be glued to a computer screen all day. Maybe I can even have a conversation with her.”
Those in the financial circuit are criticizing Zuckerberg for walking away from a multibillion dollar franchise. Facebook is currently ranked as one of the wealthiest businesses in the world, with economists estimating its value at around 7.9 billion.
But Zuckerberg remains unruffled by these accusations. He says he will stand by his decision to give Facebook the axe.
“I don’t care about the money,” said Zuckerberg. “I just want my old life back.”
The Facebook Corporation suggests that users remove all of their personal information from the website before March 15th. After that date, all photos, notes, links, and videos will be permanently erased.



Facebook ပိတ်သိမ်းတော့မည့် သတင်းမှားကြောင့် သုံးစွဲသူများ စိတ်ညစ်ခဲ့ရ
ကမ္ဘာပေါ်တွင် Facebookကို ပုံမှန်သုံးစွဲနေသူ သန်း(၅၀၀)ကျော်ရှိပြီး အများစုက ထိုသတင်းကို ဟာသအဖြစ်သာ သဘောထားခဲ့သည့်တိုင် အချို့ယုံလွယ်သူများက အကြီးအကျယ် စိုးထိတ်မှု ဖြစ်ခဲ့ရ

Facebook ပိတ်သိမ်းတော့မည့် သတင်းမှားကြောင့် သုံးစွဲသူများ စိတ်ညစ်ခဲ့ရ
ယခုရက်ပိုင်းအတွင်း ထွက်ပေါ်နေသည့် Facebook၀က်ဘ်ဆိုက်အား အပြီးပိတ်သိမ်းတော့မည်ဆိုသော သတင်းတု၊ သတင်းမှားများကြောင့် Facebookသုံးစွဲသူ ထောင်ပေါင်းများစွာတို့ စိတ်မချမ်းမသာ ဖြစ်ခဲ့ကြောင်း သိရသည်။ မတ်လ(၁၅)ရက်နေ့တွင် ကမ္ဘာကျော် Social Networking ၀က်ဘ်ဆိုက်အား အပြီးပိတ်သိမ်းတော့မည်ဆိုသော သတင်းများ မည်သည့်နေရာမှ ထွက်ပေါ်လာသည်ကို တိတိကျကျ မသိရသေးသော်လည်း အမေရိကန် အခြေစိုက် Weekly World News ၀က်ဘ်ဆိုက်က အဆန်းထွင် ကျီစယ်မှုအဖြစ် ပြစ်တင်မှုများ ခံနေရသည်။ အတည်ပေါက် ရေးသားထားသည့် သတင်းဇာတ်လမ်းအတွင်း Facebook၏ CEO ဖြစ်သူ မာ့ခ်ဇူကာဘာ့ဂ်က ၎င်းသည် Facebookကို ဆက်လက်ထိန်းသိမ်းရန် ဆန္ဒမရှိတော့သဖြင့် ရပ်ဆိုင်းတော့မည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု ဖော်ပြပါရှိသည်။



အသက်(၂၆)နှစ်ရှိ ဘီလျံနာက “Facebookဟာ ထိန်းချုပ်မရအောင် ကြီးထွားလာပါတယ်။ ဒါဟာ ကျွန်တော့်အတွက် စိတ်ပိုင်းဆိုင်ရာ ဖိအားတွေ ဖြစ်စေသလို ကျွန်တော့်ဘ၀အတွက်လည်း ထိခိုက်မှုတွေ ရှိလာစေပါတယ်”ဟု ပြောကြားထားကြောင်း အဆိုပါ အတုအယောင် သတင်းက ဖော်ပြထားသည်။ ကမ္ဘာပေါ်တွင် Facebookကို ပုံမှန်သုံးစွဲနေသူ သန်း(၅၀၀)ကျော်ရှိပြီး အများစုက ထိုသတင်းကို ဟာသအဖြစ်သာ သဘောထားခဲ့သည့်တိုင် အချို့ယုံလွယ်သူများက အကြီးအကျယ် စိုးထိတ်မှု ဖြစ်ခဲ့ရသည်။ ယင်းအတွက် Facebookနှင့် Twitterတို့မှတဆင့် Facebook ချစ်သူများက အဆိုပါသတင်းကို ကန့်ကွက်ကြောင်း Post များတင်ကာ ဆန္ဒပြခဲ့ကြသည်။ (၂၀၁၀)ပြည့်နှစ်အတွင်း အမေရိကန်တွင် လူသုံးအများဆုံး ၀က်ဘ်ဆိုက်အဖြစ် Googleကိုကျော်ကာ Facebookက သရဖူဆောင်းခဲ့ကြောင်း သတင်းများ ထွက်ပေါ်ပြီး ရက်အနည်းငယ်အတွင်း အဆိုပါ ကောလဟာလ ထွက်ပေါ်လာခြင်းဖြစ်သည်။ သက်တမ်းနှစ်အနည်းငယ်သာ ရှိသေးသော Facebookသည် အရှိန်အဟုန် မြင့်မားစွာဖြင့် ဆက်လက်အောင်မြင်နေဆဲဖြစ်ပြီး ယမန်နှစ်က အမေရိကန်တွင် အင်တာနက် သုံးစွဲမှု စုစုပေါင်း၏ (၈.၉)ရာခိုင်နှုန်းကို ချုပ်ကိုင်နိုင်ခဲ့ရာ (၇.၂)ရာခိုင်နှုန်းရှိခဲ့သည့် Googleကို ဒုတိယနေရာ ရောက်သွားစေခဲ့ကြောင်း Experian Hitwise၏ စစ်တမ်းအရ သိရှိရသည်။

Source: DailyMail
ဝသောသူများအတွက် လက်တွဲဖော်ရှာဖွေရေးဝက်ဘ်ဆိုက် လွှင့်တင်
ဗြိတိန်တွင် ရှိသင့်သော ကိုယ်အလေးချိန်ထက် ပိုများနေသူ (၁၂)သန်းကျော်ရှိရာ ယင်းဝက်ဘ်ဆိုက်က အဆိုပါ လူထုကို ဆွဲဆောင်နိုင်ရန် မျှော်လင့်

ဝသောသူများအတွက် လက်တွဲဖော်ရှာဖွေရေးဝက်ဘ်ဆိုက် လွှင့်တင်
လူဝကြီးများအတွက် အဆင်ပြေစေမည့် လက်တွဲဖော် ရှာဖွေရေးဝက်ဘ်ဆိုက် (Dating Website)တစ်ခုကို စတင်ထူထောင်လိုက်ကြောင်း သိရသည်။ ဗြိတိန်နိုင်ငံ အခြေစိုက် www.funpie.co.uk တွင် စတင်လည်ပတ်ပြီး (၁၂)နာရီအတွင်း အလွန်ဝသူ (၁,၀၀၀)နီးပါးတို့ ၀မ်းသာအားရ စာရင်းပေးခဲ့ကြောင်း The Sun သတင်းစာကဆိုသည်။ ၀က်ဘ်ဆိုက်သည် ပိန်သွယ်သူများအတွက် လာရောက်ချိတ်ဆက်ရန် မလိုအပ်ကြောင်း အတိအလင်းဖော်ပြထားသည်။ ၀ဖြိုးသော လူထုအတွက် ရည်ရွယ်တည်ထောင်သော ၀က်ဘ်ဆိုက်သည် ၀ဖြိုးသူများကြား အပြန်အလှန် နားလည်မှုရှိရှိ လက်တွဲနိုင်ရန် ရည်ရွယ်ထားသည်။



ထိုဝက်ဘ်ဆိုက်သည် ကမ္ဘာပေါ်တွင် ပထမဆုံးသော လူဝများအတွက် သီးသန့် ဖူးစာဖက်ရှာ ၀က်ဘ်ဆိုက်ဟုလည်း The Sunက ညွှန်းဆိုခဲ့သည်။ ယခင်ကလည်း အရုပ်ဆိုးသူများအတွက် သီးသန့်ချိတ်ဆက်နိုင်မည့် လက်တွဲဖော်ရှာဝက်ဘ်ဆိုက် The Ugly Bug Ballကို အောင်မြင်မှုများ ရရှိစေခဲ့သည့် ဟောင်းဝပ်ဂျိမ်းစ်ကပင် ယခုဝက်ဆိုက်ကို ထူထောင်ခဲ့ခြင်းဖြစ်သည်။ ဗြိတိန်တွင် ရှိသင့်သော ကိုယ်အလေးချိန်ထက် ပိုများနေသူ (၁၂)သန်းကျော်ရှိရာ ယင်းဝက်ဘ်ဆိုက်က အဆိုပါ လူထုကို ဆွဲဆောင်နိုင်ရန် မျှော်လင့်ကြောင်း ဂျိမ်းစ်ကဆိုသည်။ “အလွန်ဝတဲ့ လူတွေဆီမှာလည်း တန်ဖိုးရှိတဲ့ ချစ်ခြင်းမေတ္တာကို အပြန်အလှန် ရှာဖွေနိုင်စေဖို့

ကျွန်တော်မျှော်လင့်ပါတယ်။ သူတို့ ကျေနပ်မှာပါ”ဟု ဂျိမ်းစ်က မှတ်ချက်ပြုခဲ့သည်။ ၀က်ဘ်ဆိုက်တွင် ပါဝင်ချိတ်ဆက်ခဲ့သူ တစ်ဦးဖြစ်သော လီဆာလော်လာက “ဒီဝက်ဘ်ဆိုက်လေးက ကျွန်မတို့အားလုံးအတွက် အထောက်အကူ ဖြစ်စေမှာပါ။ ကျွန်မနဲ့ အချိုးအစားတူ ပုဂ္ဂိုလ်တစ်ဦးနဲ့ တွေ့ဆုံဆွေးနွေးခွင့် ရမယ်ဆိုတာ စိတ်လှုပ်ရှားစရာ ကိစ္စတစ်ခုပါ”ဟု

ပြောကြားသွားသည်။

No comments: